Article 26 Backpack™ ဆိုသည်မှာ

Start the journey

Welcome to the Article 26 Backpack™ — The Universal Human Rights Tool for Academic Mobility

Article 26 Backpack သည် လူငယ်များအား ၄င်းတို့၏ အဆင့်မြင့်ပညာရေးဆိုင်ရာကိစ္စများ၊ အခြားသော သင်တန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန် အထောက်အကူဖြစ်စေမည့် ကိရိယာတစ်ခုဖြစ်သည်။ Backpack ဖြင့် လူငယ်များသည် မိမိတို့၏ ဖြစ်ထွန်းအောင်မြင်မှုများနှင့် ရည်မှန်းချက်များကို ဝေမျှနိုင်မည်ဖြစ်သည်။

 

Article 26 BackpackTM ၏ အဓိကလုပ်ဆောင်ချက်မှာ  လူငယ်များအနေဖြင့် မိမိတို့၏ ပညာရေး‌၊ အလုပ်အကိုင်ရာဇဝင်၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဖြစ်ထွန်းအောင်မြင်မှုများကို လုံခြုံစွာ သိမ်းဆည်းပြီး တက္ကသိုလ်များ၊ ပညာသင်ဆုဆိုင်ရာ အေဂျင်စီများ၊ အလုပ်ခန့်အပ်သူများနှင့် မျှဝေနိုင်််ခြင်းဖြစ်သည်။ Backpack အနေဖြင့် မည်သူ့ကိုမဆို အထူးသဖြင့် စစ်ဘေး၊ ပဋိပက္ခဘေးကြုံတွေ့နေရသော ဒုက္ခသည်များနှင့် လုံခြုံရေးအခက်အခဲရှိသော လူငယ်များအားလုံးပါဝင်နိုင်သော ချိတ်ဆက်မှုလမ်းကြေားများကို ဖန်တီးပေးထားခြင်းဖြစ်သည်။

Learn more about the Backpack!

Backpack ကို ဘယ်သူတွေ အသုံးပြုသင့်သလဲ။

ယခုအချိန်တွင် Backpack ကို အသုံးပြုနိုင်သူများမှာ အသက် ၁၈ နှစ်ရှိပြီး အထက်တန်းအောင်လက်မှတ် သို့မဟုတ် ဘွဲ့လက်မှတ်ရှိသူများ၊ စစ်ရေး၊ ပဋိပက္ခ သို့မဟုတ် စီးပွါးရေးဆိုင်ရာ အခက်အခဲများကြောင့် ပညာသင်ကြားခွင့် ပြတ်လပ်နေသူများဖြစ်သည်။ တစ်နေ့နေ့တွင် မည်သူမဆို Backpack ကို အသုံးပြုနိုင်မည်ဖြစ်သည်။

 

Backpack ကို ဘယ်လိုရယူနိုင်သလဲ။

Backpack အသုံးပြုသူများ (Backpacker များ) သည် အီးမေးလ်လိပ်စာနှင့် အင်တာနက်ချိတ်ဆက်မှုရှိရပါမည်။ 

Backpacker များအနေဖြင့် Backpack ကို ဒေသတွင်းတက္ကသိုလ်များ၊ လူမှုရေးစင်တာများတွင်ပြုလုပ်သည့် Backpack ပွဲအခမ်းအနားများတွင် Counselor များနှင့် Guide များ၏ အကူအညီဖြင့်လည်း ရယူနိုင်ပါသည်။

ထပ်မံသိရှိလိုပါက web comic "Hope is good. A plan is better: The Article 26 Backpack" ကိုဖတ်ခြင်းဖြင့် Backpack အကြောင်း ပိုမိုလေ့လာနိုင်ပါသည်။

 

Please do not upload personal medical information or financial information.  

See an example Backpack here!

Collaboration and Preparation is Key: Building the Backpack Partnerships

Backpack သည် ပညာရေးဆိုင်ရာ ရွေ့လျားနိုင်မှုကို အားကောင်းလာစေနိုင်သော ကိရိယာတစ်ခုဖြစ်ပြီး ၎င်း၏ စွမ်းဆောင်နိုင်မှု ကို အပြည့်အဝ အသုံးပြုရန် ကြိုတင်ပြင်ဆင်မှု လိုအပ်ပါသည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် အခြားပညာရေးအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် Backpack၏ရည်ရွယ်ချက်ကိုပံ့ပိုးပေးပြီး Backpackers များအတွက် အကောင်းဆုံးရလဒ်ကို ရရှိစေရန်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။

 

Read more about how your organization can help identify and prepare Backpackers.

အထောက်အထား အကဲဖြတ်ခြင်း- ရွေ့လျားနိုင်မှုအတွက် တန်ဖိုးနှင့် လမ်းကြောင်းများကို ထည့်သွင်းခြင်း။

Backpackers များသည် အဆင့်မြင့်ပညာရေးသို့ ဝင်ခွင့်လျှောက်ထားရာတွင် အထောက်အကူဖြစ်စေရန်အတွက် (credential evaluation) အထောက်အထားအကဲဖြတ်ခြင်း သို့မဟုတ် ပညာရေးဆိုင်ရာ ရာဇဝင်များကို ပြန်လည်တောင်းဆိုနိုင်သည်။

Article 26 Backpack နှင့် လူသားအားလုံးအတွက် ပညာရေးဆိုင်ရာ လူ့အခွင့်အရေးကို ပံ့ပိုးခြင်း

လက်ရှိ Backpack လုပ်ဆောင်မှုများ ပိုမိုလေ့လာခြင်း — Backpackers များကို ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်းနှင့် အလုပ်အကိုင်ရရှိရေးဆိုင်ရာ အခွင့်အလမ်းသစ်များနှင့် ချိတ်ဆက်ပေးမည့် Compass Project အပါအဝင် — Backpack ၏ရည်ရွယ်ချက်နှင့် ပညာရေးဆိုင်ရာ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရန် ၎င်း၏ကြိုးပမ်းအားထုတ်မှုများကို မည်ကဲ့သို့ ကူညီပံ့ပိုးပေးမည်ကို လေ့လာခြင်း။

 

Contact Information

Keith David Watenpaugh
Director of Article 26 Backpack™
Professor and Director of Human Rights Studies
College of Letters and Science
(530) 752-0470
kwatenpaugh@ucdavis.edu

I still have questions!