Article 26 Backpack ကိုယ်ရေးအချက်အလက်မူဝါဒ

Article 26 Backpack သည် လူငယ်များအတွက် ကမ္ဘာ့အဆင့်မြင့်ပညာရေး၊ ပညာသင်ဆုများနှင့် လေ့ကျင့်ရေးအခွင့်အလမ်းများနှင့် ချိတ်ဆက်နိုင်ရန် ဖန်တီးထားသော နည်းလမ်းတစ်ခုဖြစ်သည်။

သုံးစွဲသူကို "Backpacker" ဟုခေါ်ပြီး သင်တစ်ဦးတည်းသာလျှင် သင့် Backpack အတွင်းရှိ အချက်အလက်အကြောင်းအရာများကို (အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ ပညာသင်ဆုအေဂျင်စီများနှင့် အလားအလာရှိသော အလုပ်ရှင်များကဲ့သို့သော) ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေရန် ဆုံးဖြတ်နိုင်သည်။ ဤပြင်ပအဖွဲ့အစည်းများသည် သင်၏ဝင်ခွင့်လျှောက်လွှာ၊ သင်တန်းအမှတ်များလက်ခံရေး၊ ပညာသင်ဆုအရည်အချင်းပြည့်မီမှုနှင့် အလုပ်လျှောက်လွှာများအတွက် ဆုံးဖြတ်သည့်အခါ သင့်အကဲဖြတ်ချက်များနှင့် နောက်ခံပံ့ပိုးကူညီမှုဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကိုချိတ်ဆက်၍ ဝင်ရောက်ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလွန်အလေးအနက်ထားပါသည်။ Article 26 Backpack အဖွဲ့သည် အောက်ဖော်ပြပါ ကိုယ်ရေးကိုယ်တာမူဝါဒအရ သုံးစွဲသူ၏ဒေတာများကို စုဆောင်းပြီး စီမံခန့်ခွဲပါသည်။  ကိစ္စအားလုံးတွင် UC Davis ၏ ကိုယ်ရေးကိုယ်တာမူဝါဒသည် အကျုံးဝင်သည်။

 

ဒေတာစုဆောင်းခြင်း

Website ပေါ်ရှိ လည်ပတ်မှုများနှင့် အမှားပြင်ဆင်မှုအတွက် အသုံးပြုသူတိုင်းထံမှ အမည်မဖော်လိုသောဒေတာများကို စုဆောင်းပါသည်။ ၄င်းတွင် Website သုံးစွဲမှုများနှင့် ပတ်သက်သည့် အချက်အလက်များ (IP လိပ်စာများ၊ Browser အမျိုးအစား၊ ဝင်ရောက်သည့်အချိန်) ပါဝင်ပါသည်။

Article 26 Backpack သည် ကျောင်းသားများအား ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပန်းတိုင်များရောက်ရှိစေရန် ကူညီဆောင်ရွက်ပေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ကျွန်ုပ်တို့အနေဖြင့် သင့်အချက်အလက်အမျိုးအစားများနှင့် ပလက်ဖောင်းအသုံးပြုမှုကိုအခြေခံ၍ တက္ကသိုလ်များ၊ ပညာသင်ဆုပေးသူများနှင့် မူဝါဒချမှတ်သူများအား Backpack အသုံးပြုသူများ၏ လိုအပ်ချက်များကို ပိုမိုနားလည်ခြင်းအတွက် အကူအညီဖြစ်စေရန် အသုံးပြုနိုင်ပါသည်။

ကျွန်ုပ်တို့၏လုပ်ငန်းဆောင်ရွက်မှုများတွင် သင့်အတွင်းရေးနှင့် သက်ဆိုင်သော အချက်အလက်များကို မည်သည့်အခါမျှ ချိတ်ဆက်မည်မဟုတ်ပါ။

ဝန်ဆောင်မှုအား ပိုမိုကောင်းမွန်လာစေရန် ကျွန်ုပ်တို့သည် အမည်မသိ၊ ဆန္ဒအလျောက်ပါဝင်နိုင်သော စစ်တမ်းများကို အခါအားလျော်စွာ ပြုလုပ်နိုင်ပါသည်။ သုတေသနစစ်တမ်းများတွင် ပါဝင်ခြင်းသည် သင့် Account ကို မည်သို့မျှ ထိခိုက်မည်မဟုတ်ပါ။

Account တစ်ခုကို မှတ်ပုံတင်သည့်အခါတွင် သင်၏အသုံးပြုသူပရိုဖိုင်ကို ဖန်တီးရန်အတွက် သင့်အမည်၊ Email၊ မွေးသက္ကရာဇ်နှင့် လိင်အမျိုးအစား၊ခံယူချက် ကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်အချို့ကို ပေးဆောင်ရန် ကျွန်ုပ်တို့တောင်းဆိုပါသည်။ ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေမည်မဟုတ်ပါ။ Article 26 Backpack ပလပ်ဖောင်းပေါ်ရှိ ဝန်ဆောင်မှုများထဲမှ တစ်ခုအနေဖြင့် (ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ပညာသင်ဆုပေးသူများနှင့် အလုပ်ရှင်များကဲ့သို့သော) ပြင်ပအဖွဲ့အစည်းများနှင့် ဒေတာရွေးချယ်ခွင့်ကို သင်ကိုယ်တိုင်ရွေးချယ်ခွင့်ပြုနိုင်ပါသည်။

သင်၏ Website သို့ဝင်ရောက်ရန် အသုံးပြုမည့် စကားဝှက်ကို ကုဒ်ဝှက်၍ သိမ်းဆည်းထားသောကြောင့် အခြားသူများထံ မည်သို့မျှ မရောက်ရှိနိုင်ပါ။ ပျောက်ဆုံးသွားသောစကားဝှက်များကို ပြန်လည်ရယူနိုင်ပါသည်။ သင့်ပရိုဖိုင်နှင့်ဆက်စပ်နေသော သင့်ဒေတာများကို ကြည့်ရှုနိုင်၊ ပြောင်းလဲနိုင်ပြီး ဖယ်ရှားနိုင်မည်ဖြစ်သည်။

သင်၏အကောင့်ကို ဖျက်သိမ်းလိုပါက အကောင့်စာမျက်နှာတွင် "ဖျက်ရန်"ခလုတ်ကို အသုံးပြုပါ။

ဤကိစ္စနှင့် ပတ်သက်၍ တတ်နိုင်သမျှ အမြန်ဆုံးကူညီရန် ကျွန်ုပ်တို့လည်း အသင့်ရှိပါသည်။

 

အသုံးပြုသူဒေတာ

ကျွန်ုပ်တို့သည် သင့်ကို Backpack ဝန်ဆောင်မှုများပေးရန် (သို့) ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ၊ Website နှင့်ပတ်သတ်၍ သင်နှင့်ဆက်သွယ်ရန်အတွက်သာ သင့်ကိုယ်ရေးအချက်အလက်များကို အသုံးပြုမည်ဖြစ်သည်။  

Article 26 Backpack တွင် သင်တင်ပြထားသော ဒေတာများသည် သင့်ကိုယ်ပိုင်ဖြစ်သောကြောင့် မည်သည့်ဒေတာများ၏ ကိုယ်ရေးကိုယ်တာ၊ လျှို့ဝှက်ထားမှုနှင့် လုံခြုံရေးကိုမဆို ကျွန်ုပ်တို့ အလွန်အလေးထားပါသည်။ သင့်ဒေတာများ၏ ပိုင်ရှင်သည် သင်ကိုယ်တိုင်ပင် ဖြစ်သည်။

သင့်အား နည်းပညာအကူအညီပေးရန်အတွက် သင်ခွင့်ပြုချက်မပေးပါက သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေခြင်း သို့မဟုတ် ဝင်ရောက်ကြည့်ရှုခြင်းတို့ကို မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပါ။ သင့်ကိုယ်ရေးအချက်အလက်များကို (Backpack မှ တာဝန်ရှိသူများ သို့မဟုတ် ပညာသင်ဆုအေဂျင်စီများကဲ့သို့သော) ပြင်ပအဖွဲ့အစည်းများအား ဝင်ရောက်ကြည့်ရှုနိုင်ရန် သင်ကိုယ်တိုင်သာလျှင် ခွင့်ပြုချက်ပေးနိုင်ပါသည်။

 

သင့်ဒေတာကို ကာကွယ်ခြင်း

Article 26 Backpack သည်  သင်ပေးအပ်ထားသော ဒေတာများကို ကာကွယ်ရန် ကတိပြုပါသည်။ ကျွန်ုပ်တို့သည် သင့်ဒေတာများကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာလေ့ကျင့်ခြင်းများအပါအဝင် လုပ်ငန်းအဆင့်မှီ အကောင်းဆုံးလမ်းညွှန်ချက်များကို အသုံးပြုပါသည်။ သို့သော် ပြည့်ဝသော အလုံးစုံလုံခြုံမှုကို အာမခံချက်ပေးနိုင်မည်မဟုတ်ပေ။ ဒေတာဆုံးရှုံးခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့သည် နေရာအမျိုးမျိုးတွင် ကုဒ်ဝှက်ထားသော အဆင့်မြှင့်ထပ်တိုး အရန်သိမ်းဆည်းမှုများကို မကြာခဏပြုလုပ်ပါသည်။

သင့်ဒေတာကို ပိုမိုကာကွယ်ရန် သင်၏အကောင့်ဝင်ရောက်ခြင်းဆိုင်ရာ အချက်အလက်များကို မည်သည့်အခါမှ မျှဝေခြင်းမပြုလုပ်ရန်နှင့် သင်၏စကားဝှက်များကို ပုံမှန်ပြောင်းလဲရန် ကျွန်ုပ်တို့ အကြံပြုပါသည်။

ကျွန်ုပ်တို့၏ လုံခြုံရေးနှင့် အရန်သိမ်းဆည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ သင့်တွင် မေးခွန်းများရှိပါက ကျေးဇူးပြု၍ article26backpack@ucdavis.eduသို့ ဆက်သွယ်နိုင်ပါသည်။

 

ကိုယ်ရေးကိုယ်တာမူဝါဒ အပြောင်းအလဲများ

ကျွန်ုပ်တို့သည် ဤကိုယ်ရေးကိုယ်တာထုတ်ပြန်ချက်ကို အချိန်မရွေးပြုပြင်မွမ်းမံပိုင်ခွင့်အား လက်ဝယ်ရှိထားသောကြောင့် ကျေးဇူးပြု၍ ဤမူဝါဒကို မကြာခဏ ပြန်လည်ဖတ်ရှုသုံးသပ်ပေးပါ။

ဤမူဝါဒတွင် အရေးကြီးပြောင်းလဲမှုများရှိပါက သင်၏ Backpack အကောင့်သို့ ပြန်လည်ဝင်ရောက်သောအခါ (သို့မဟုတ်) ကျွန်ုပ်တို့၏ ပင်မစာမျက်နှာတွင် အသိပေးချက်တစ်ခုအား အသုံးပြု၍ သင့်အား အကြောင်းကြားပါမည်။ ဤပြောင်းလဲမှုများဆိုသည်မှာ ကျွန်ုပ်တို့က မည်သည့်အချက်အလက်များကိုစုဆောင်း၍ မည်သို့အသုံးပြုကြောင်း၊ ထိုအချက်အလက်များကို မည်သည့်အခြေအနေတွင် (ရှိပါက) ထုတ်ဖော်ပြောကြားမည်ဖြစ်ကြောင်း သိရှိနိုင်မည်ကိုဆိုလိုသည်။  

ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒနှင့်ပတ်သက်၍ သင့်တွင် မေးခွန်းများ သို့မဟုတ် စိုးရိမ်မှုများရှိပါက ကျေးဇူးပြု၍ article26backpack@ucdavis.edu သို့ ဆက်သွယ်နိုင်သည်။