Frequently Asked Questions
- Map ဆိုသည်မှာ ဘာလဲ။
- Map သည် သင်၏ လမ်းညွှန်ဖြစ်သည်။ Map မှ သင်သည် သင်၏ Digital Portfolio နှင့် သင်၏ Education Portfolio ကို Update လုပ်နိုင်ပါသည်။ Map တွင် သင့်ပရိုဖိုင်ပုံ (တစ်ခုကို Upload လုပ်ရန် ဆုံးဖြတ်ပါက)၊ သင်၏ မွေးသက္ကရာဇ်နှင့် အထွေထွေအချက်အလက်များ ပါ၀င်သည့် သင်၏ Backpack ပရိုဖိုင်ကိုလည်း ပြသပေးသည်။
- Digital Portfolio ဆိုသည်မှာ ဘာလဲ။
- Digital Portfolio သည် အချက်အလက်ဆိုင်ရာ စာရွက်စာတမ်းများ သို့မဟုတ် ဗီဒီယိုများကို Uploadလုပ်ရန် နေရာဖြစ်သည်။ သိမ်းဆည်းနိုင်သည့် စာရွက်စာတမ်းများသည် သင်၏ CV သို့မဟုတ် ကိုယ်ရေးမှတ်တမ်း၊ အလုပ်ရှင်ထံမှ အကြံပြုစာ သို့မဟုတ် သင်မျှဝေလိုသည့် ဖန်တီးမှုလက်ရာများ ကဲ့သို့သော အရာများ ဖြစ်နိုင်သည်။ သင်နှစ်သက်သလောက် စာရွက်စာတမ်းများစွာကို Upload လုပ်နိုင်ပါသည်။ သင့်တွင် My Story My Future ဗီဒီယိုတစ်ခုရှိလျှင် သင်၏ ဗီဒီယိုကို ချိတ်ဆက်ရန် နေရာလည်းဖြစ်သည်။
- Education Portfolio ဆိုသည်မှာ ဘာလဲ။
- Education Portfolio သည် ထောက်ခံစာများနှင့် ဒီပလိုမာများကို Upload လုပ်ရန် နေရာဖြစ်သည်။ Education Portfolio သည် သင်၏ ပညာရေးသမိုင်းဖြစ်သည်။ သင့်ပါမောက္ခများ သို့မဟုတ် ဆရာများထံမှ အကြံပြုစာများ၊ သင်ရရှိထားသော လက်မှတ်များ၊ သို့မဟုတ် သင်ထုတ်ဝေထားသော ဆောင်းပါးများကိုပါ ထည့်သွင်းနိုင်သည်။
- သင်၏ စာရွက်စာတမ်းများအားလုံးကို Upload လုပ်ရန် လိုအပ်ပါသလား။
- မလိုအပ်ပါ။ အရာအားလုံးကို သင်ကိုယ်တိုင် အပြည့်အဝရွေးချယ်ခွင့်ရှိသည်။ Upload လုပ်မည့်အရာကို သင်ကိုယ်တိုင် ရွေးချယ်နိုင်ပြီး သင့်စာရွက်စာတမ်းများကို ဖျက်မည့်အချိန်ကိုလည်း သင်ကိုယ်တိုင် ရွေးချယ်နိုင်သည်။ Backpack သည် သင်နှင့် သင့်တစ်ယောက်တည်းအတွက်သာ ဖြစ်သည်။ သင့် Backpack ၏ အကြောင်းအရာများကို သင်ကိုယ်တိုင် ထိန်းချုပ်ထားနိုင်သည်။
- Shared Backpack ဆိုသည်မှာ ဘာလဲ။
- Shared Backpack ဆိုသည်မှာ Backpack တွင် သိမ်းဆည်းထားသော စာရွက်စာတမ်းများကို တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ပညာသင်ဆုဆိုင်ရာ အေဂျင်စီများ သို့မဟုတ် အလုပ်ခန့်အပ်မည့်သူများနှင့် မျှဝေနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သင့်အနေဖြင့် မိမိလိုအပ်ချက်နှင့် ကိုက်ညီမည့် မတူညီသော Shared Backpack များကို ဖန်တီးနိုင်သည်။ ဥပမာအားဖြင့် ပညာရေးနှင့်သက်ဆိုင်သည့် သက်သေခံစာရွက်စာတမ်းများကို Admission Officer ထံ တင်ပြရန် သို့မဟုတ် မိမိ၏ တီထွင်ဖန်တီးမှုများနှင့် ကိုယ်ရေးရာဇဝင်ဖော်ပြချက်ကို အလုပ်ခန့်အပ်မည့်အလားအလာရှိသူထံ ပေးပို့ရန်အတွက် မတူညီသော Shared Backpack များ ဖန်တီးနိုင် သည်။ Shared Backpack တွင် ရှိသော အချက်အလက်များကို သင်၏ ခွင့်ပြုချက်ဖြင့်သာ ဝင်ရောက်ကြည့်ရှု နိုင်ပြီး သင်၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ကာကွယ်ရန် Shared Backpack အားလုံးသည် ၇ ရက် ကုန်ဆုံးပြီးနောက် တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
- သင်််၏ Shared Backpack ကို မည်သူမြင်နိုင်သနည်း။
- သင့် Shared Backpack ကို သင်သာလျှင် ရွေးချယ်ကြည့်ရှုခွင့် ပေးနိုင်ပါသည်။ Shared backpack ကို access ပေးသောအခါ၊ လက်ခံသူ၏ အီးမေးလ်လိပ်စာကို ထည့်သွင်းခြင်းဖြင့် ကြည့်ရှုခွင့်ပေးနိုင်ပါသည်။ သင်၏ Shared backpack ကို ၎င်းတို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသောန ည်းလမ်းမှာ ကြည့်ရှုခွင့်ပေးထားသော တူညီသည့် အီးမေးလ်လိပ်စာကို ရိုက်ထည့်ခြင်းဖြင့် ဖြစ်သည်။ ဤနည်းလမ်းသည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကာကွယ်နိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။
- Shared Backpack ကို မည်သို့ဖျက်မည်နည်း။
- ရှိပြီးသား Shared Backpack တွင် "Edit" ကိုနှိပ်ပါ။ စာမျက်နှာ၏ အောက်ခြေတွင် အနီရောင် "DELETE" ခလုတ်တစ်ခုရှိသည်။ ၎င်းကို ကလစ်နှိပ်ခြင်းဖြင့် Shared backpack ကို ဖျက်ပစ်နိုင်မည်ဖြစ်ပြီး သင်မျှဝေပေးထားသည့် မည်သူမဆိုထံ သင့် Backpack ၏ ဝင်ရောက်ခွင့်ကိုလည်း ပျက်ပြယ်သွားမည်ဖြစ်သည်။
- သင်််၏ Backpack အကောင့်တစ်ခုလုံးကို မည်သို့ဖျက်မည်နည်း။
- Profile စာမျက်နှာတွင် သင့်အကောင့်ကို အချိန်မရွေး ဖျက်နိုင်ပါသည်။ ညာဘက်အောက်ခြေတွင် အနီရောင် "DELETE" ခလုတ်ကို တွေ့ရပါမည်။
Backpack နှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက article26backpack@ucdavis.edu သို့ ဝင်ရောက်၍ မေးမြန်းနိုင်ပါသည်။