လူတိုင်းတွင် ပညာသင်ကြားခွင့်ရှိသည်။ ပညာရေးသည် အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်များတွင် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မဖြစ်မနေ လေ့လာရမည်ဖြစ်သည်။ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးကို ယေဘုယျအားဖြင့် လူတိုင်းဆီသို့ ရနိုင်စေမည်ဖြစ်ပြီး အဆင့်မြင့်ပညာရေးကို လိုအပ်ချက်အပေါ် မူတည်ကာ အားလုံးတန်းတူရရှိစေရမည်။
—— Article 26 of the Universal Declaration of Human Rights, 1948
ဒုက္ခသည်များ ပညာသင်ခွင့် ပြန်လည်ရရှိစေရန် ကူညီပေးခြင်း
ဒုက္ခသည်များနှင့် ထိခိုက်လွယ်သောလူငယ်များသည် ၎င်းတို့၏ပညာရေး သို့မဟုတ် အလုပ်အကိုင်ရရှိရန် ကြိုးပမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် လူမှုရေးနှင့် အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများကို ဖြေရှင်းရန် ဖန်တီးထားသည့် Article 26 Backpack™ သည် ပညာရေးနှင့် အလုပ်အကိုင် ရွေ့လျားနိုင်မှုကို အားကောင်းစေသည့် universal human rights tool တစ်ခုဖြစ်သည်။ Ford Foundation ရဲ့ အကူအညီပေးငွေဖြင့် ထောက်ပံ့ထားသည့် အဆိုပါပရောဂျက်သည် ဒုက္ခသည်များနှင့် စစ်ဘေး၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် စီးပွားရေးကျဆင်းမှုကြောင့် ပညာရေးမပြည့်စုံနိုင်သောသူများအတွက် ပညာရေးနှင့် လုပ်ငန်းဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို ဖော်ဆောင်ခြင်း၊ သိမ်းဆည်းခြင်းနှင့် မျှဝေခြင်း အစီအစဉ်ကို အပြောင်းအလဲ လုပ်ပေးနိုင်ရန် ရည်ရွယ်ထားသည်။
Article 26 Backpack™ ကို လူတိုင်း၏ ပညာသင်ကြားခွင့်ကို အခိုင်အမာ ပြဌာန်းထားသည့် (Article 26 of the Universal Declaration of Human Rights) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၆ အရ အမည်ပေးထားသည်။ ဤပရောဂျက်ကို Keith David Watenpaugh, professor and director of Human Rights Studies က ဦးဆောင်ပြီးရုံးချုပ်မှာ UC Davis Global Affairs တွင်တည်ရှိပါသည်။ Backpack ကို တည်ဆောက်ခြင်းနှင့် အကူအညီလိုအပ်သော လူငယ်များအတွက် ရရှိစေခြင်းက international and multidisciplinary team ကို ပေါင်းစည်းပေးခဲ့သည်။ ၎င်းတွင် ပါဝင်သူများမှာ-
- University of California, Davis
- American Association of Collegiate Registrars and Admissions Officers
- Issam Fares Institute for International Affairs and Public Policy at the American University in Beirut တို့ဖြစ်သည်။
Why Now?
သင်သည် ဆီးရီးယားမှ တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးဖြစ်သည်ဟု မြင်ယောင်ကြည့်ပါ။ သင်နှင့် သင့်မိသားစုသည် စစ်ပွဲနှင့် အကြမ်းဖက်မှုများကို ရှောင်တိမ်းခဲ့ရပြီး သင်မရင်းနှီးသော ခက်ခဲသည့်လမ်းကို စတင်ရပါတော့မည်၊ ထို့အပြင် သင်သည် ဆေးပညာ သို့မဟုတ် အင်ဂျင်နီယာ သို့မဟုတ် သင်ကြားရေးပြုလုပ်ရန် လေ့လာနေပြီး ထိုလမ်းကြောင်းကို ဆက်သွားလိုသည်ဟု ဆိုကြပါစို့။
တစ်ချိန်က လက်ဘနွန်၊ ဂျော်ဒန်၊ တူရကီ သို့မဟုတ် ဂရိနိုင်ငံနှင့် အခြားလူငယ်ထောင်ပေါင်းများစွာတို့ ကဲ့သို့ သင်သည် အဆင့်မြင့်ပညာရေးနှင့် ပြန်လည်ချိတ်ဆက်ရန် ကြိုးစားခဲ့သော်လည်း ယခုအခါတွင် ပြဿနာအသစ်များစွာကို ကြုံတွေ့နေရသည်။ ဥပမာအားဖြင့်၊ သင်သည် ဒုက္ခသည်တစ်ဦးဖြစ်ပြီး တက်ရောက်ခဲ့သည့် တက္ကသိုလ်အား ပိတ်သိမ်းခြင်း သို့မဟုတ် ဖျက်ဆီးခံရပါက သင့်တွင် "တရားဝင် ပညာရေးဆိုင်ရာစာရွက်စာတမ်းများ" ရှိပါသလား။
ဤကဲ့သို့သောစာရွက်စာတမ်းများထားရှိခြင်း—နှင့် ၏ ၎င်းတို့ပါရှိသောအချက်အလက်များကို မျှဝေခြင်း—သည် အဆင့်မြင့်ပညာရေး၊ ပြန်လည်ချိတ်ဆက်နိုင်ခြင်းနှင့် သင်ကိုယ်တိုင်နှင့် သင့်မိသားစုအတွက် ပိုမိုကောင်းမွန်သောအနာဂတ်တည်ဆောက်ခြင်း သို့မဟုတ် နောက်ကျကျန်ရစ်ခြင်းကြား ခြားနားချက်ဖြစ်နိုင်သည်။
Article 26 Backpack™သည် ဒုက္ခသည်များနှင့် အခြားအခြေခံရပ်တည်မှု မပြည့်စုံသော လူငယ်များအတွက် စိန်ခေါ်မှုများကို ဖြေရှင်းပေးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်။ ၎င်းတို့၏ ပညာရေးနောက်ခံ၊ အလုပ်အတွေ့အကြုံနှင့် ရည်မှန်းချက်များကို တက္ကသိုလ်များ၊ ပညာသင်ဆုအဖွဲ့များနှင့် အလုပ်အကိုင်ရှာဖွေရေးဆိုင်ရာကိစ္စများတွင် ပြောပြနိုင်ရန် အခွင့်အလမ်း ပေးစွမ်းခြင်းအားဖြင့် ထောက်ပံ့ကူညီပေးသည်။
၎င်း၏ လုပ်ဆောင်ချက်များစွာရှိသည့်အနက်၊ Backpack သည် ပညာရေးဆိုင်ရာစာရွက်စာတမ်းများ၊ ဒီပလိုမာများနှင့် အခြားအသိအမှတ်ပြုလက်မှတ်ပုံစံများကို လုံခြုံစွာသိမ်းဆည်းခြင်း၊ မျှဝေခြင်းနှင့် အကဲဖြတ်ခြင်းများ ပြုလုပ်နိုင်သည့်ယန္တရားတစ်ခုဖြစ်သည်။ သာမန် “App” ထက် ပိုမိုကျယ်ပြန့်သော ဤပရောဂျက်သည် ဒုက္ခသည်များနှင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရသော လူငယ်များအတွက် ၎င်းတို့အား အကောင်းဆုံးကူညီနိုင်သည့် အဖွဲ့အစည်း၊ ပရိုဂရမ်များ၊ အလုပ်ရှင်များနှင့် ချိတ်ဆက်နိုင်စေမည့် ဂေဟစနစ်ကို ဖန်တီးပေးခြင်းဖြစ်ပါသည်။
UC Davis သည် American Association of Collegiate Registrations and Admissions Officers နှင့် Beirut ရှိ American University နှင့် ပူးပေါင်းကာ Backpack™ ကို ဒုက္ခသည်များနှင့် လုံခြုံရေးအန္တရာယ်စိုးရိမ်ရသော လူငယ်များနှင့်အတူ လက်ဘနွန်ရှိ Backpack™ ကို ပထမဆုံး တီထွင်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် သုံးသပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုမှတဆင့်၊ Article 26 Backpack™ ကို အရှေ့အလယ်ပိုင်းဒေသအနှံ့တွင် ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်ရန် တိုးချဲ့တီထွင်သွားမည်ဖြစ်ပြီး၊ အထူးသဖြင့် စစ်ပွဲများကြောင့် ထိခိုက်ခဲ့ရသည့် ဆီးရီးယားဒေသများတွင် သာမက အခြားဒေသများသို့လည်း ပံ့ပိုးပေးကာ လူငယ်များ ပိုမိုအသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။